• Burmese
  • English
Image: 

အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်မွေးမြူရေးနှင့် အသားထုတ်လုပ်ရေး လုပ်ငန်းများ ထိခိုက်မှုရှိလာနိုင်

ဧပြီလ 5, 2019

ာဖရိက ဝက်အပြင်းဖျား ရောဂါသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် အဆိုးဆုံး ကူးစက်ခံနေရသော်လည်း မြန်မာပြည်တွင်းသို့ ကူးစက်လာခြင်း မရှိသေးဟု သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ထားသည်။ သို့သော် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေသည့်တရုတ်၊ ဗီယက်နမ်နှင့် မွန်ဂိုလီးယား စသည့်နိုင်ငံများမှ ထုတ်လုပ်သော ဝက်သားနှင့် ဝက်သားဖြင့် ထုတ်လုပ်သည့် စားသောက်ကုန်များကို မြန်မာ ပြည်တွင်းသို့ လေဆိပ်၊ ရေကြောင်းနှင့် နယ်စပ်ကုန်းလမ်းဝင်ပေါက်များမှတစ်ဆင့် ဝင်ရောက်လာခြင်းမရှိစေရန် သက်ဆိုင်ရာမှ စီမံဆောင်ရွက်ထားသည်ဟု သိရသည်။