Skip to main content

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းနို့စားနွားမွေးမြူမှုဖွံ့ဖြိုးရေးနှင့် နို့ကောက်စခန်းများသို့ကွင်းဆင်းအသိပညာပေးဟောပြောပွဲများပြုလုပ်လျက်ရှိ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် နို့ကောက်စခန်းများတွင် သန့်ရှင်းလတ်ဆတ်၍ ဘေးကင်းလုံခြုံစိတ်ချရသောနွားနို့ ထုတ်လုပ်နိုင်ခြင်း၊ နို့စားနွားများ ဒေသတွင်းအစားအစာရရှိရေးနှင့် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း၊ နို့စာနွား မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ခြင်း၊ နို့စားနွားများ ရောဂါကာကွယ် ထိန်းချုပ်ခြင်းနှင့် နို့ကောက်စခန်းအရည်အသွေး မြှင့်တင်ခြင်းတို့ကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်ခရိုင်အတွင်းရှိ နို့ကောက်စခန်းများသို့ ၂၃-၄-၂၀၂၄ ရက်မှစတင်၍ ကွင်းဆင်းဆောင်ရွက်ခြင်း၊ မွေးမြူသူတောင်သူများအား အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိ။