Skip to main content

ပုဗ္ဗသီရိမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့်ဆေးကုသရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိတ်ကျေးရွာ အလယ်တန်းကျောင်းခန်းမတွင် မွေးမြူသူ ရွာသူရွာသား (၄၅)ဦးကို မွေးမြူရေး အသိပညာပေး ကွင်းဆင်း ဟောပြောခဲ့ပါသည်။ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန နေပြည်တော် ဒုတိုင်းဦးစီးမှူး က နေပြည်တော်တွင် ကျွဲ၊နွား ခွာနာလျာနာရောဂါ ထိန်းချုပ်‌‌ဇုန် ဖော်ဆောင်နေမှု အခြေအနေနှင့် ခွေးရူးရောဂါ ပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဥတ္တရခရိုင်ဦးစီးမှူး ဒေါက်တာ ဇော်ဝင်းထွန်းကဘဲမွေးမြူရေးနှင့် စိုက်မွေးသင်တန်းကျောင်းများ အကြောင်း ရှင်းလင်းဟောပြောပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ငြိမ်းချမ်းက Ear-tagတပ်ဆင်ခြင်း။ ရောဂါထိန်းချုပ်ဇုန်များနှင့် တိရစ္ဆာန်ကူးစက်ရောဂါများကို ရှင်းလင်းခဲ့ပါသည်။ မြို့နယ်တာဝန်ခံ ဒေါက်တာကြူကြူသင်းက တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုနှင့် ကူးစက်ရောဂါသတင်းပို့စနစ်ကို ရှင်းလင်းဟောပြာခဲ့ပါသည်။ ထို့နောက် ကျေးရွာအတွင်းရှိ ပိုင်ရှင် (၈)ဦး၏ နွား (၂၆)ကောင်ကို ကာကွယ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြပါသည်။