Skip to main content

ပျဉ်းမနားမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာ၌ တိရစ္ဆာန်ရောဂါကာကွယ်ရေးအသိပညာ ပေးဟောပြောခြင်းနှင့် ဆေးကုသရေးလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဧပြီလ ၃ ရက်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

ဟောပြောပွဲတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲနွားကောင်ရေစာရင်း တိကျမှန်ကန်မှုရှိစေရန်၊ ကျွဲနွားများ ရောဂါကင်းရှင်းစေရန်၊ ကျွဲနွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက် စေရန် ရှင်းလင်းပြောကြားသည်။ 

 

 

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှပြည်သူ့ကျန်းမာရေးဌာနခွဲ (ရုံးချုပ်)မှ တိရစ္ဆာန်ရောဂါစူးစမ်းလေ့လာရေးနှင့်ထိန်းချုပ်ရေးဆိုင်ရာ သုတေသနအရာရှိ ဒေါက်တာ လှိုင်ဝင်းနှင့် ဒေါက်တာသန့်ဇော်တို့က နေပြည်တော် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန် အင်္ဂါရပ်များ၊နားကပ်အမှတ်အသားတပ်ခြင်း အကျိုးကျေးဇူးများ၊ ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါနှင့် ခွေးရူးရောဂါအကြောင်းအား  ဟောပြောကြသည်။  ထို့နောက် ဥတ္တရခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးဒီပလိုမာကျောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုအထက်တန်း ကျောင်းများဖွင့်လှစ်နေမှုများကို ရှင်းလင်းဟောပြောသည်။ ထို့နောက်ကျေးရွာနေပြည်သူများအား မွေးမြူရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ၍ကျေးရွာအတွင်းရှိ နွား ၃၀ ကောင်နှင့် ဝက် ၅ ကောင်နှင့် ဆိတ် (၃၅) ကောင်ကို လိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။