Skip to main content

ပြည်ပအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ဆွေးနွေးပြောကြား

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြည်ပဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များနှင့် သင်တန်းတက်ရောက်ခဲ့ကြသူများအနေဖြင့် အတွေ့အကြုံ ရှင်းပြရုံသက်သက်မျှမဟုတ်ဘဲ ကိုယ်တိုင်ထိုးထွင်း သိမြင်တတ်မှု၊ သုံးသပ်ဆင်ခြင်တတ်မှု၊ တီထွင်ဖန်တီးနိုင်မှုတို့ဖြင့် မိမိတို့ တာဝန်ယူထားကြသည့် ကဏ္ဍများမှနေ၍ စိုက်ပျိုးမွေးမြူ ရေးကဏ္ဍကြီး ပြောင်းလဲတိုးတက်ရေး ကြိုးပမ်းမှုတွင် တစ်ထောင့်တစ်နေရာက ပါဝင်အကျိုးပြုသွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

အတွေ့အကြုံ ရှင်းလင်းပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပခဲ့သည့် အကြိမ် (၂၀)မြောက် “တရုတ်-အာဆီယံ ကုန်စည်ပြပွဲ” အတွေ့အကြုံ၊ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ” အတွေ့အကြုံများ၊ ဖိလစ်ပိုင်နိုင်ငံတွင် တက်ရောက်လေ့လာခဲ့သည့် “အစားအစာများတွင် ဆေးကြွင်းများ၏ ဘေးအန္တရာယ် ဖြစ်နိုင်မှုအား စောင့်ကြည့်စစ်ဆေးခြင်း ဒေသဆိုင်ရာသင်တန်း”၊ ဂျပန်နိုင်ငံသို့ သွားရောက် ဆည်းပူးခဲ့သည့် “အစားအစာသိပ္ပံနှင့် ဇီဝနည်းပညာ ဘာသာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်း”၊ “စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ငါးလုပ်ငန်းဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်း” နှင့် “ ဇီဝသိပ္ပံနှင့်ဇီဝ နည်းပညာဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်း” အတွေ့အကြုံများ၊ လေ့လာခဲ့သည့် ဘာသာရပ်အလိုက်နည်းပညာများနှင့် မြန်မာနိုင်ငံတွင် လက်တွေ့အကျိုးရှိစွာ အသုံးချနိုင်မည့် နည်းပညာရပ်ဆိုင်ရာ သုံးသပ်ချက်များကို သက်ဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် ပညာတော်သင်ဝန်ထမ်းများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆွေးနွေးပွဲတက်ရောက် လာကြသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။