Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မြေအသုံးချရေးဌာနခွဲ ပင်မဓာတ်ခွဲခန်း(ရန်ကုန်)၏ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြေနမူနာဓာတ်ခွဲ စစ်ဆေးခြင်း၊ သွင်းရေနမူနာ ဓာတ်ခွဲစစ်ဆေးခြင်း၊ မြေသြဇာနမူနာ ဓာတ်ခွဲစစ်ဆေးခြင်း၊ အပင်နမူနာ ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများမှတွေ့ရှိချက်များကို အခြေခံသည့်လိုအပ်သော နည်းပညာပေးခြင်းနှင့် အသိပညာပေးခြင်းကို တစ်ပါတည်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ Global Soil Laboratory, National Soil Laboratory များနှင့် ကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်ဆောင်ရွက်ပြီး ကျွမ်းကျင်ဝန်ထမ်းများ စဉ်ဆက်မပြတ်စေရေး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ချက်များ၊ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးမြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆက်စပ်ဌာနများအကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ဒုတိယဝန်ကြီးသည် ရတနာသိင်္ဂီစက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်၊ ရေထွက်ပစ္စည်း ပြုပြင်အေးခဲခြင်းနှင့် အအေးခန်း စက်ရုံ၊ မြစ်နှစ်သွယ်ကုမ္ပဏီလီ မိတက်အအေးခန်းစက်ရုံများ၏ ရေထွက်ပစ္စည်း ပြုပြင်အေးခဲခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အအေးခန်းစက်ရုံမှ ငါး၊ ပုစွန်ပြုပြင်အေးခဲထုတ်လုပ်ပြီး ဒေသတွင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ရန်ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

လိုအပ်ချက်များကို မှာကြား

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး အစည်း အဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ငါးလုပ်ငန်းတာဝန်ရှိသူများကို တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းများကိုအခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားရေးဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေး ဆောင် ရွက်နေမှုအပေါ် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အရည်အသွေးပြည့်မီသော ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များရရှိရေးနှင့် စာရင်းအင်းကိန်းဂဏန်းများကို တိတိကျကျကောက်ယူနိုင်ရေး၊ ဂေဟ စနစ်ကို မထိခိုက်စေသော ငါးလုပ်ငန်း စီမံခန့်ခွဲမှုကို စနစ် တကျ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စီမံခန့်ခွဲမှုပိုမိုအားကောင်းလာစေရေး ဆောင်ရွက်ကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။