Skip to main content
ဥတ္တရသီရိမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာအုပ်စု၊ သရက်တော ကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့်ဆေးကုသရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ တောင်သူအသိပညာပေး စင်တာတွင် ကျင်းပခဲ့သည်။
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန်ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါ သည် -
မဲခေါင်-လန်ချန်းအထူးရန်ပုံငွေစီမံကိန်း(၂၀၂၁)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းအောင်မြင်စွာပြီးမြောက်ကြောင်းကြေညာခြင်း အခမ်းအနားကျင်းပ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) စီမံကိန်းလုပ်ငန်းများ အောင်မြင် ပြီးမြောက်ကြောင်းကြေညာခြင်း အခမ်းအနားကို ယနေ့ နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်) နှင့် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စီမံကိန်းတာဝန်ရှိသူများ တက်ရောက်ကြသည်။
လူမှုစီးပွားဘဝ မြင့်မားတိုးတက် လာစေရန် နှင့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်
ကျေးလက် နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက် လာစေရန် နှင့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရန် ဧပြီလ(၆)ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ လယ်ဝေးမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများနှင့် တွေ့ဆုံသည်။
ပျဉ်းမနားမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာ၌ တိရစ္ဆာန်ရောဂါကာကွယ်ရေးအသိပညာ ပေးဟောပြောခြင်းနှင့် ဆေးကုသရေးလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဧပြီလ ၃ ရက်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် အောက်ဖော်ပြပါ တည်ဆောက်

လယ်ဝေးမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသရေးလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မတ်လ ၂၆ ရက်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ်ပြ
တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ် ပြပွဲ ကို မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် နို့စားနွားမွေးမြူရေးသရုပ်ပြ နှင့် မျိုးဖြန့်ဖြူးရေးခြံ ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဌာနတာဝန်ရှိသူများ ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူတောင်သူများ တက်ရောက်ကြသည်။
တပ်ကုန်းမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ကုသလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ညောင်ကုန်းကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ကုသလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မတ်လ ၂၀ ရက်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to