ရန်ကုန်တိုင်းဒေသကြီး၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ နွယ်ခွေပင်မသိုလှောင်ရေးစခန်းအား ငှားရမ်းလုပ်ကိုင်လျက်ရှိကြသည့် ကောင်းကင်ကုမ္ပဏီ၊ ဂုဏ်ဟိန်းသစ်ကုမ္ပဏီ၊ ဆဋ္ဌဂံကုမ္ပဏီ၊ Farm Power Co.,Ltd၊ Golden Key Co.,Ltd များ၏ မူလသတ်မှတ်ထားသည့် ပစ္စည်းများသိုလှောင်ထားခြင်း ရှိ၊ မရှိနှင့် မူလရည်ရွယ်ချက်ပါလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထိန်းသိမ်းပြုပြင်သင့်သည်များကို ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။






