ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရာပြည့်နှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရာပြည့်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။