တိရစ္ဆာန်ဆေးကုသိပ္ပံဒီပလိုမာ တစ်နှစ်သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအောင်မြင်ပြီးမြောက်ပါက တိရစ္ဆာန်ဆေးကုဒီပလိုမာ (Dip.V.Sc) ဘွဲ့ကို ပေးအပ်ချီးမြှင့်မည်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လေ့ကျင့်သင်ကြားရေးဆေးရုံလုပ်ငန်းနှင့် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းအတွက် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှုအထောက်အကူပစ္စည်းများ စီမံဆောင်ရွက်ထားရှိမှု၊ စာသင်ခန်း၊ အိပ်ခန်းနှင့် ထမင်းစားဆောင်များ ပြင်ဆင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။





