Skip to main content

တပ်ကုန်းမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တပ်ကုန်း မေ ၂၄
 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ဒယောက်ကူးကျေးရွာ အုပ်စု၊ ဒယောက်ကူးကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့်ဆေးကုသရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ 
ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
 
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲ၊ နွားများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်တည်တံ့ရေးဆိုင်ရာ လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားပြီး၊ ဥတ္တရခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူမှုဖွံ့ဖြိုး တိုးတက်ရေး၊ မွေးမြူရေးဒီပလိုမာနှင့်စိုက်ပျိုး၊ မွေးမြူးရေးကျောင်းများအကြောင်းကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊
ပြည်သူ့ကျန်းမာရေးဌာနခွဲ (ရုံးချုပ်)မှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက ဌာန၏လုပ်ငန်းဆောင်ရွက်မှုအပေါ် သဘောထားစစ်တမ်းများမေးမြန်းခြင်း၊
ခွာနာလျှာနာ(FMD) ရောဂါထိန်းချုပ်ဇုန်အင်္ဂါရပ်များ၊ နားကပ်တပ်ဆင်ခြင်း၏အရေးပါပုံနှင့်အကျိုးကျေးဇူးများနှင့် ခွေးရူးရောဂါကာကွယ် တားဆီးရေးအကြောင်းအားလည်းကောင်း၊ သုတေသနအရာရှိ ဒေါက်တာသန့်ဇော်က 
ခွာနာလျှာနာ (FMD) ရောဂါနှင့် ဆက်စပ်ရောဂါများအကြောင်းအားလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးစံက တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်ခြင်း ဆောင်ရွက်ပေးနိုင်မှုနှင့် ကူးစက်ရောဂါသတင်းပေးပို့မှုစနစ် ဆောင်ရွက်ရေး ရှင်းလင်းဟောပြောခဲ့ကြပြီးနောက် တက်ရောက်လာသည့်ဒေသခံများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ မွေးမြူရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၁ ဦး တက်ရောက်ခဲ့သည်။
 
ယင်းနောက် ကျေးရွာအတွင်းမှ နွားပိုင်ရှင် ၇ ဦး၏ နွားကောင်ရေ ၂၄ ကောင်၊ ဝက်ပိုင်ရှင် ၁ ဦး၏ ဝက်ကောင်ရေ ၈ ကောင်အား ကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။