Skip to main content

လူမှုစီးပွားဘဝ မြင့်မားတိုးတက် လာစေရန် နှင့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်

ကျေးလက် နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးပြီး မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက် လာစေရန် နှင့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရန် ဧပြီလ(၆)ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းဝေးခန်းမ၌ လယ်ဝေးမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများနှင့် တွေ့ဆုံသည်။
ပျဉ်းမနားမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာ၌ တိရစ္ဆာန်ရောဂါကာကွယ်ရေးအသိပညာ ပေးဟောပြောခြင်းနှင့် ဆေးကုသရေးလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဧပြီလ ၃ ရက်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် အောက်ဖော်ပြပါ တည်ဆောက်

လယ်ဝေးမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသရေးလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မတ်လ ၂၆ ရက်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
တိရစ္ဆာန်အစာချဉ်ဖတ် ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ်ပြ
တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ် ပြပွဲ ကို မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် နို့စားနွားမွေးမြူရေးသရုပ်ပြ နှင့် မျိုးဖြန့်ဖြူးရေးခြံ ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဌာနတာဝန်ရှိသူများ ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မွေးမြူတောင်သူများ တက်ရောက်ကြသည်။
တပ်ကုန်းမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ကုသလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ညောင်ကုန်းကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ကုသလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မတ်လ ၂၀ ရက်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေးခြင်းနှင့် ကာကွယ်ကုသလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အတွင်းရှိ (၈) မြို့နယ်တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရက်သတ္တပတ်လှုပ်ရှားမှုပုံစံဖြင့် တိရစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်း နှင့် ကာကွယ်ကုသလုပ်ငန်းများကို (၂၀-၃-၂၀၂၄) ရက်မှ (၁၀-၇-၂၀၂၄) ရက်အထိ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to