Skip to main content

ဘဲသားပေါက်များ ဝယ်ယူရရှိနိုင်ကြောင်းအသိပေးခြင်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် ဘဲမွေးမြူရေးခြံများမှ မွေးမြူသူများကို အကောင်းဆုံးပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ မိဘမျိုးရိုး ကောင်းမွန်သော ဥစားဘဲ(ကာကီကင်ဘယ်လ်)သားပေါက် Day Old Duck (DOD)များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး မှာယူမွေးမြူလိုသူများ/ အဖွဲ့အစည်း များအနေဖြင့် (၁) လ ကြိုတင်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကာကီကင်းဘယ်ဘဲ

အင်္ဂလန်နိုင်ငံမျိုးဖြစ်ပြီး ဥစံချိန်အလွန်ကောင်းသောဘဲမျိုးဖြစ်ကာ အကောင်လည်း ပိုကြီး သည်။ (၁၉၇၀-၁၉၈၀) ခုနှစ်တွင် မြန်မာပြည်တွင် အမြောက်အမြား မွေးမြူခဲ့သည်။

ဦးခေါင်း                -   နှုတ်သီးသည် ကြီး၍ဖြောင့်တန်း၊ နှုတ်သီးမှာအစိမ်းရင့် (သို့မဟုတ်) အနက် ရောင်ရှိသည်။

ကိုယ်ထည်            -   အထက်အောက် အနည်းငယ်ပြားပြီး လက်ပြင်ရိုးသည် မြီးညောင့်ရိုးထက် မြင့်သည်။

မျက်လုံး                -   တောက်ပြောင်ဝိုင်းစက်သည်။

အရောင်အသွေး      -   ဦးခေါင်း၊ လည်ပင်း၊ အမြီး၊ အတောင်များမှာ ခပ်စိမ်းစိမ်းနှင့် ညိုညို၊ ကိုယ်ပိုင်းမှာ ကာကီရောင်ဖြစ်ပြီး ဘဲမများမှ တစ်ကိုယ်လုံး ကာကီရောင် အမွေးများဖြင့် ဖုံးထားသည်။

ဥစံချိန်                  -   တစ်နှစ်လျင် ပျမ်းမျှ (၃၀၀)လုံးခန့် ဥပါသည်။

ကိုယ်အလေးချိန်     -   အထီး တစ်ပိဿာငါးဆယ်၊ အမ တစ်ပိဿာအစိတ်သားခန့် အလေးချိန် ရှိသည်

ဆက်သွယ်ရန်

ဒေါက်တာရဲနန္ဒ (ခြံတာဝန်ခံ၊ နေပြည်တော်ဘဲမွေးမြူရေးခြံ)   - ၀၉ ၄၀၁၆၁၇၀၃၅၊

                                                                                  ၀၆၇၃ ၄၀၈၁၇၅

          ဒေါက်တာသိန်းဇော် (ခြံတာဝန်ခံ၊ ဘုရားကြီးဘဲမွေးမြူရေးခြံ) - ၀၉ ၄၃၀၄၃၁၅၂

          ဦးနိုင်ဝင်းစိုး (ရွှေမြို့)                                                       -  ၀၉ ၇၉၄၉၂၆၅၀၉