Skip to main content

လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကျင်းပ

လယ်ဝေး ဇွန် ၆
 
ပြည်ထောင်စုနယ်မြေ၊​နေပြည်​တော်​၊ လယ်​ဝေးခရိုင်​၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်​မွန်းလွဲ ၂ နာရီအချိန်​တွင်​နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကျင်းပခဲ့သည်။
 
ရှေးဦးစွာ ပြည်​ထောင်​စုနယ်​မြေ၊ နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးဒေါက်တာထွေးကိုကိုက နေပြည်​တော်​၈ မြို့နယ်​တွင်​ခွာနာလျှာနာ​ရောဂါထိန်းချုပ်ဇုန်နှင့် ရောဂါကင်းရှင်းဇုန်များ ထူ​ထောင်​လျက်​ရှိပြီး အဆိုပါဇုန်​အတွင်း​ခွေးရူး​ရောဂါအား​ရောဂါထိန်းချုပ်​နိုင်​ရန်​အတွက်​အသိပညာ​ပေး​ဟော​ပြောပွဲများ​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း ပြောကြားသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်​)မှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက ခွေးရူးရောဂါ ကူးစက်နိုင်သည့် သတိပြုလိုက်နာရမည့်အချက်များ၊ ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်မိုးက ခွေးရူးပြန်ရောဂါအကြောင်း၊  စသည်တို့ကို တက်​ရောက်​လာ​သော ကျောင်းသား၊ ကျောင်းသူ (၆၅၇)ဦး အား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး​ခွေးရူး​ရောဂါအသိပညာ​ပေး လက်​ကမ်းစာ​စောင်​များ ဖြန့်​ဝေ​ပေးခဲ့သည်။
 
ထို့နောက် ကျောင်းသားကျောင်းသူများက သိလိုသည်များကို မေးခွန်းများ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီးအမှတ်တရ လက်ဆောင်များပေးအပ်ခဲ့သည်။