Skip to main content

ပျားဘုရင်မမျိုးမြှင့်တင်ရေးသင်တန်းဆင်းပွဲကျင်းပပြုလုပ်

ပျားဘုရင်မမျိုးမြှင့်တင်ခြင်းသင်တန်းကို နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးတာဝန်ခံရုံး၌(၃-၆-၂၀၂၄)ရက်နေ့မှ (၇-၆-၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းဒေသကြီးများမှ ဝန်ထမ်း (၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ပျားဘုရင်မမျိုးမြှင့်တင်ခြင်း သင်တန်းမှ မျိုးကောင်းမျိုးသန့် ပျားဘုရင်မများ မွေးမြူထုတ်လုပ်နိုင်မည့် နည်းပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချပေး ခဲ့ပါသည်။ မျိုးကောင်းမျိုးသန့်ပျားဘုရင်မများကို မွေးမြူခြင်းနှင့် မျိုးမြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးကောင်းမွန်သော ပျားဘုရင်မများ ရရှိလာခြင်းကြောင့် ပျားအုံများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အရည်အသွေးကောင်းမွန်သော ပျားရည်နှင့် ပျားထွက် ပစ္စည်းများကို အမြောက်အမြားထုတ်လုပ်လာနိုင်ပြီး၊ ဆီထွက်သီးနှံများနှင့် အခြားသော စိုက်ပျိုးသီးနှံများ အထွက်တိုးစေရေးအတွက် ဝတ်မှုန်ကူးဝန်ဆောင်မှုလုပ်ငန်းများကိုလည်းများစွာ အထောက်အကူပြုပြီး စိုက်ပျိုးတောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းလာနိုင်မည်ဖြစ် ပါသည်။ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအနေဖြင့် အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်ပျားဘုရင်မများ အမြောက်အမြားထုတ်လုပ်ပြီး ဌာနနှင့် ပုဂ္ဂလိကပျားမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကပျားမွေးမြူသူများထံသို့ ဆက်လက်ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။