Skip to main content

စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းပညာအတွက် စာသင်နှစ်တစ်နှစ်လျှင် ကျောင်းတစ်ကျောင်း၌ ကျောင်းသား ကျောင်းသူ ၆၀ သင်ကြားပေးလျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေတွင် ဖွင့်လှစ်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းပညာ သင်ကြားပို့ချပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ကောင်းစွာဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများက ပူးပေါင်းပါဝင်ကြိုးပမ်း
ဘေးကင်းလုံခြုံသော သား၊ ငါး အခြေခံတန်ဖိုးမြင့်စားသောက်ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အဓိကကျသည့် ပုဂ္ဂလိကပိုင်း၏ပူးပေါင်းမှု မြှင့်တင်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါစက်မှုဇုန်ရှိ ပုဂ္ဂလိက ငါးအစာစက်ရုံနှင့် တိရစ္ဆာန်အစာတွင်ထည့်သွင်းသည့် ဟန်ရိုးမဆေးဝါး စက်ရုံလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေး အတွက် ဌာန နှင့် ပုဂ္ဂလိကများ ပူးပေါင်း ဆောင်ရွက်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းဝေးခန်းမတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်အစာ ထုတ်လုပ်သူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေး နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးအတွက် ဌာန နှင့် ပုဂ္ဂလိကများပူးပေါင်းဆောင်ရွက်ရန် ၊ ဈေးကွက် လိုအပ်ချက် ထုတ်လုပ်မှု ဟန်ချက်ညီ ဖြစ်စေရေး၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီ ကုန်ချောထုတ်လုပ်မှု၊ တန်ဖိုးမြှင့် ကုန်ချောများ အားကောင်း လာစေရန် ၊ အသေးစား အငယ်စား နှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အတွက် ခိုင်မာသော ဈေးကွက် ဖော်ဆောင်ပေးနိုင်ရေး၊ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်(GAHP-ဂျီအေအိပ်ပီ)နှင့်အညီ မွေးမြူထုတ်လုပ်မှု သော ဈေးကွက် စံချိန်စံညွှန်းမီ ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး ဆိုင်ရာများကို ဆွေးနွေး ကြသည်။
ကြက်ဖမွေးဇောင်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၄၉၂)ဧက ခန့်နှင့် ကျုံကဒွန်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၅၀၀)ဧကခန့်အား ဌားရမ်းရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၄၉၂)ဧက ခန့်နှင့် ကျုံကဒွန်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၅၀၀)ဧကခန့်အား တောင်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝန်ကြီးဌာန၏ တင်ဒါ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးသွားမည်ဖြစ်ပါသဖြင့် စိုက်ပျိုးရေးလုပ်ငန်းစိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား လုပ်ငန်းရှင်/တောင်သူများအား ဖိတ်ခေါ် အပ်ပါသည်။
အသင်းအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကိုယ်တိုင်ပူးပေါင်းပါဝင်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်းအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက် ပစ္စည်းအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် လုပ်ငန်းရှင်များ တက်ရောက် ကြသည်။
Subscribe to