Skip to main content

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာတင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်တို့ တက်ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ နွယ်ခွေပင်မသိုလှောင်ရေးစခန်းအား ငှားရမ်းလုပ်ကိုင်လျက်ရှိကြသည့် ကောင်းကင်ကုမ္ပဏီ၊ ဂုဏ်ဟိန်းသစ်ကုမ္ပဏီ၊ ဆဋ္ဌဂံကုမ္ပဏီ၊ Farm Power Co.,Ltd၊ Golden Key Co.,Ltd များ၏ မူလသတ်မှတ်ထားသည့် ပစ္စည်းများသိုလှောင်ထားခြင်း ရှိ၊ မရှိနှင့် မူလရည်ရွယ်ချက်ပါလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထိန်းသိမ်းပြုပြင်သင့်သည်များကို ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ (Standard Operating Procedure -SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov အား ယနေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား မွန်းလွဲပိုင်းတွင် လည်းကောင်း အဆိုပါဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
စိုက်ပျိုးသည့် သီးနှံပုံစံအလိုက် ရေလိုအပ်ချက်ကို စနစ်တကျပေးသွင်းပြီး ရေချိုအရင်းအမြစ်များ အလေအလွင့်မရှိ အသုံးပြုနိုင်ရေး တောင်သူများအား မှာကြား
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ် ဝမ်ပုံရွာအနီးရှိ ဝမ်ပုံမြေသားတမံပြုပြင်ခြင်း လုပ်ငန်းခွင်ကိုကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေမျှတစွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးသည့်သီးနှံပုံစံအလိုက် ရေလိုအပ်ချက်ကို စနစ်တကျပေးသွင်းပြီး ရေချိုအရင်းအမြစ်များ အလေအလွင့်မရှိ အသုံးပြုနိုင်ရေး၊ ဒေသ၏လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် သက်ဆိုင်ရာဌာနများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းပညာအတွက် စာသင်နှစ်တစ်နှစ်လျှင် ကျောင်းတစ်ကျောင်း၌ ကျောင်းသား ကျောင်းသူ ၆၀ သင်ကြားပေးလျက်ရှိ
နေပြည်တော်ကောင်စီနယ်မြေတွင် ဖွင့်လှစ်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းပညာ သင်ကြားပို့ချပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ကောင်းစွာဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများက ပူးပေါင်းပါဝင်ကြိုးပမ်း
ဘေးကင်းလုံခြုံသော သား၊ ငါး အခြေခံတန်ဖိုးမြင့်စားသောက်ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အဓိကကျသည့် ပုဂ္ဂလိကပိုင်း၏ပူးပေါင်းမှု မြှင့်တင်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီလဝါစက်မှုဇုန်ရှိ ပုဂ္ဂလိက ငါးအစာစက်ရုံနှင့် တိရစ္ဆာန်အစာတွင်ထည့်သွင်းသည့် ဟန်ရိုးမဆေးဝါး စက်ရုံလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေး အတွက် ဌာန နှင့် ပုဂ္ဂလိကများ ပူးပေါင်း ဆောင်ရွက်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းဝေးခန်းမတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ တိရစ္ဆာန်အစာ ထုတ်လုပ်သူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေး နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးအတွက် ဌာန နှင့် ပုဂ္ဂလိကများပူးပေါင်းဆောင်ရွက်ရန် ၊ ဈေးကွက် လိုအပ်ချက် ထုတ်လုပ်မှု ဟန်ချက်ညီ ဖြစ်စေရေး၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီ ကုန်ချောထုတ်လုပ်မှု၊ တန်ဖိုးမြှင့် ကုန်ချောများ အားကောင်း လာစေရန် ၊ အသေးစား အငယ်စား နှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အတွက် ခိုင်မာသော ဈေးကွက် ဖော်ဆောင်ပေးနိုင်ရေး၊ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်(GAHP-ဂျီအေအိပ်ပီ)နှင့်အညီ မွေးမြူထုတ်လုပ်မှု သော ဈေးကွက် စံချိန်စံညွှန်းမီ ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး ဆိုင်ရာများကို ဆွေးနွေး ကြသည်။
ကြက်ဖမွေးဇောင်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၄၉၂)ဧက ခန့်နှင့် ကျုံကဒွန်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၅၀၀)ဧကခန့်အား ဌားရမ်းရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၄၉၂)ဧက ခန့်နှင့် ကျုံကဒွန်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၅၀၀)ဧကခန့်အား တောင်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝန်ကြီးဌာန၏ တင်ဒါ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးသွားမည်ဖြစ်ပါသဖြင့် စိုက်ပျိုးရေးလုပ်ငန်းစိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား လုပ်ငန်းရှင်/တောင်သူများအား ဖိတ်ခေါ် အပ်ပါသည်။
Subscribe to