ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မြေအသုံးချရေးဌာနခွဲ ပင်မဓာတ်ခွဲခန်း(ရန်ကုန်)၏ လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်ရှိ မြေအသုံးချရေးဌာနခွဲ ပင်မဓာတ်ခွဲခန်း (ရန်ကုန်) ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။






