(၂၁) ကြိမ်မြောက် အာဆီယံဟာလာအစားအစာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး (21st Meeting of the ASEAN Working Group on Halal Food) ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ဦးဆောင်၍ ၂၀၂၅ ခုနှစ် ဩဂုတ်လ (၂၇) ရက်နေ့ နံနက် ၈:၃၀ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ်(၃၆)၊ Vassal Monitoring System-VMS အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီမံကိန်းဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီ (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၇)ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
(၂၁) ကြိမ်မြောက် အာဆီယံဟာလာအစားအစာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပခြင်း
