Skip to main content

(၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

အထက(၁၂) အခြေခံပညာအထက်တန်းကျောင်း၊ ဥတ္တရသီရိမြို့နယ်တွင် ကျင်းပပြုလုပ် သော (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ကြီး တက်ရောက်ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)မှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဥတ္တရသီရိမြို့နယ်မှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ ပြည်သူ့ကျန်းမာရေးဌာနခွဲမှ သုတေသနအရာရှိများ၊ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံတိရစ္ဆာန် ဆေးကုဆရာဝန်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတိရစ္ဆာန် ဆေးပညာကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများဖြစ်သည့် ကျန်းမာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ၊ အထက(၁၂) အခြေခံပညာအထက်တန်း ကျောင်း၊ ဥတ္တရသီရိမြို့နယ်မှ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။ (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “ACT NOW: YOU, ME COMMUNITY, ခွေးရူးရောဂါကင်းစင်ရေး၊ မနှေးအမြန် လက်တွဲပေး”ဆောင်ပုဒ်နှင့်အညီ One Health အသိအမြင်ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတားအဆီးအခက်အခဲများကို ပူးပေါင်းဆောင်ရွက် သွားနိုင်ရန် ရည်ရွယ်၍ နှစ်စဉ် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များတွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေးများအခမဲ့ထိုးနှံပေးခြင်း၊ အသိပညာပေး လုပ်ငန်း များ ဆောင်ရွက်ခြင်းများ နှစ်စဉ် ဆောင်ရွက်လျက်ရှိပါသည်။