Skip to main content

တပ်ကုန်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၁၁
 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်တွင် ကျင်းပခဲ့သည်။
 
အဆိုပါအခမ်းအနားတွင် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွေးကိုကို(ကွင်းဆင်းအဖွဲ့ ၁ ခေါင်းဆောင်)က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ရုံးချုပ်)၊ ပြည်သူ့ကျန်းမာရေးဌာနခွဲမှ သုတေသနအရာရှိ ဒေါက်တာသန့်ဇော်က ဝက်မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဝက်မွေးမြူသူ ၁၈ ဦး တက်ရောက်ခဲ့ပါသည်။ ဝက်မွေးမြူသူများအား လက်တွေ့ပိုးသတ်သန့်ရှင်းရေးလုပ်ငန်းများလေ့ကျင့်ပြသခြင်းကို ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဦးတင်မိုး၏ ဝက်မွေးမြူရေးခြံတို့တွင် လက်တွေ့ကွင်းဆင်းပြသခဲ့သည်။