Skip to main content

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်(၈)မြို့နယ်တွင် ခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် (၈) မြို့နယ်တွင် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် ရေရှည်တည့်တံ့နိုင်စေရန် ၂၁-၈-၂၀၂၆ ရက်မှ ၃၀-၈-၂၀၂၆ ရက်ထိ ကျေးရွာ (၇၀၉)ရွာမှ ပိုင်ရှင်ဦးရေ (၂၁,၁၇၉) ဦး ပိုင်ဆိုင်သည့် ကျွဲ(၂၀,၄၁၂)ကောင် နှင့် နွား (၆၇,၁၃၈)ကောင်၊ ဝက်(,၅၃၂)ကောင်နှင့် ဆိတ်(၁၀၆)ကောင် စုစုပေါင်း (၉၀,၁၈၈)ကောင် ထိုးနှံနိုင်ခဲ့ပါသည်။

           ခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အား အထောက်အကူပြုနိုင်မည် ဖြစ်ပြီး ကျွဲ၊ နွား ခွာနာလျှာနာရောဂါဖြစ်ပွားမှုများ စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်မည် ဖြစ်ပါသဖြင့် ကျွဲ/နွား ကုန်သွယ်မှုလုပ်ငန်းများတိုးတက်လာ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်လာနိုင်မည့် အကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်ပါသည်။