Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ကုသလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုအပေါ် ဌာနတွင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပျဉ်းမနား ဇွန် ၁၅
 
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အတွင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တိရစ္ဆာန်ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ကုသလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုအပေါ် ဌာနတွင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ 
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိမ်းမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းထွန်းက အဆိုပါကွင်းဆင်းဆောင်ရွက်ပြီးစီးမှုအခြေအနေအားတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ ကွင်းဆင်းဆောင်ရွက်မှုအပေါ် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး သုံးသပ်အကြံပြုချက်များကို ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ (၁၆) ဦးတက်ရောက်ခဲ့ပါသည်။ ယနေ့အထိ မြို့နယ် (၈) မြို့နယ်ရှိ ကျေးရွာ ၁၂ ရွာတွင် အသိပညာပေးဟောပြောပွဲ ၁၂ ကြိမ်ဆောင်ရွက်ခဲ့ရာ ဟောပြောပွဲ တက်ရောက်သူ ၆၄၉ ဦးအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး မွေးမြူရေးပိုင်ရှင် ၁၅၇ ဦး၏ နွား (၂၉၃) ကောင်၊ ကျွဲ (၄၇) ကောင်၊ ဆိတ် (၁၂၆) ကောင်၊ ဝက် (၉၁)ကောင်၊ ကြက် (၇၀၀)ကောင်တို့အား ကာကွယ်ကုသလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။