မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သဘာဝဘေးရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တိရစ္ဆာန်/ပျားအိမ်များပြန်လည်ထောက်ပံ့ခြင်းအခမ်းအနားအား ၂၄-၁၁-၂၀၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ပြည်သူများတက်ရောက်ခဲ့ပြီး သဘာဝဘေးရေကြီးမှုကြောင့် ပျားအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် လုပ်ငန်းရှင်များအား ပျားအိမ်များထောက်ပံ့ပေးအပ်ခဲ့ပါသည်။