စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင် ဘဲမွေးမြူရေးခြံများမှ မွေးမြူသူများကို အကောင်းဆုံးပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ မိဘမျိုးရိုး ကောင်းမွန်သော ဥစားဘဲ(ကာကီကင်ဘယ်လ်)သားပေါက် Day Old Duck (DOD)များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး မှာယူမွေးမြူလိုသူများ/ အဖွဲ့အစည်း များအနေဖြင့် (၁) လ ကြိုတင်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ကာကီကင်းဘယ်ဘဲ
အင်္ဂလန်နိုင်ငံမျိုးဖြစ်ပြီး ဥစံချိန်အလွန်ကောင်းသောဘဲမျိုးဖြစ်ကာ အကောင်လည်း ပိုကြီး သည်။ (၁၉၇၀-၁၉၈၀) ခုနှစ်တွင် မြန်မာပြည်တွင် အမြောက်အမြား မွေးမြူခဲ့သည်။
ဦးခေါင်း - နှုတ်သီးသည် ကြီး၍ဖြောင့်တန်း၊ နှုတ်သီးမှာအစိမ်းရင့် (သို့မဟုတ်) အနက် ရောင်ရှိသည်။
ကိုယ်ထည် - အထက်အောက် အနည်းငယ်ပြားပြီး လက်ပြင်ရိုးသည် မြီးညောင့်ရိုးထက် မြင့်သည်။
မျက်လုံး - တောက်ပြောင်ဝိုင်းစက်သည်။
အရောင်အသွေး - ဦးခေါင်း၊ လည်ပင်း၊ အမြီး၊ အတောင်များမှာ ခပ်စိမ်းစိမ်းနှင့် ညိုညို၊ ကိုယ်ပိုင်းမှာ ကာကီရောင်ဖြစ်ပြီး ဘဲမများမှ တစ်ကိုယ်လုံး ကာကီရောင် အမွေးများဖြင့် ဖုံးထားသည်။
ဥစံချိန် - တစ်နှစ်လျင် ပျမ်းမျှ (၃၀၀)လုံးခန့် ဥပါသည်။
ကိုယ်အလေးချိန် - အထီး တစ်ပိဿာငါးဆယ်၊ အမ တစ်ပိဿာအစိတ်သားခန့် အလေးချိန် ရှိသည်
ဆက်သွယ်ရန်
ဒေါက်တာရဲနန္ဒ (ခြံတာဝန်ခံ၊ နေပြည်တော်ဘဲမွေးမြူရေးခြံ) - ၀၉ ၄၀၁၆၁၇၀၃၅၊
၀၆၇၃ ၄၀၈၁၇၅
ဒေါက်တာသိန်းဇော် (ခြံတာဝန်ခံ၊ ဘုရားကြီးဘဲမွေးမြူရေးခြံ) - ၀၉ ၄၃၀၄၃၁၅၂
ဦးနိုင်ဝင်းစိုး (ရွှေမြို့) - ၀၉ ၇၉၄၉၂၆၅၀၉