Skip to main content

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ရေဘေးသင့်ဒေသသို့သွားရောက်ကွင်းဆင်းဆောင်ရွက်

၁၇-၉-၂၀၂၄ ရက်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာခင်အောင် ဦးဆောင်သော အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ရေဘေးသင့်တိရစ္ဆာန်များအတွက် လိုအပ်လျက်ရှိသည့် တိရိစ္ဆာန်အစာတောင့်အိတ်များအား တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ရှောက်ကုန်းကျေးရွာအုပ်စု အတွင်းရှိကျေးရွာ ၅ ရွာသို့ ကွင်းဆင်း၍ ရေဘင်းသင့်တောင်သူများအား တိရစ္ဆာန်အစာတောင့်အိတ်များထောက်ပံ့ပေးခဲ့ပြီး ကျွဲနွားများအား တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။