Skip to main content

ဒက္ခိဏသီရိမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒက္ခိဏသီရိ ဇူလိုင် ၁၈
 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ညောင်ကုန်းကျေးရွာ  SMU ခန်းမ၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
 
အဆိုပါအခမ်းအနားတွင် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ရုံးချုပ်)၊ ပြည်သူ့ကျန်းမာရေးဌာနခွဲမှ သုတေသနအရာရှိ ဒေါက်တာသန့်ဇော်က ဝက်မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဝက်မွေးမြူသူ ၇၉ ဦး တက်ရောက်ခဲ့ပါသည်။ ဝက်မွေးမြူသူများအားလက်တွေ့ပိုးသတ်သန့်ရှင်းရေးလုပ်ငန်းများလေ့ကျင့်ပြသခြင်း လုပ်ငန်းများကိုလည်း လက်တွေ့ကွင်းဆင်းပြသခဲ့သည်။