Skip to main content

ပုဗ္ဗသီရိမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုဗ္ဗသီရိ ဇူလိုင် ၁၁
 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကွင်းဆင်းအဖွဲ့ (၂)မှ ဝက်မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
 
အဆိုပါအခမ်းအနားတွင် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဒေါက်တာ​မြတ်စုခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ရုံးချုပ်)၊ ပြည်သူ့ကျန်းမာရေးဌာနခွဲမှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက ဝက်မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဝက်မွေးမြူသူ ၁၀ ဦး တက်ရောက်ခဲ့ပါသည်။ ဝက်မွေးမြူသူများအား လက်တွေ့ပိုးသတ်သန့်ရှင်းရေးလုပ်ငန်းများလေ့ကျင့်ပြသခြင်းကို ဇီးကုန်းကျေးရွာရှိ  ဦးဝင်းဦး၏ ဝက်မွေးမြူရေးခြံတို့တွင် လက်တွေ့ကွင်းဆင်းပြသခဲ့သည်။