Skip to main content

ဥတ္တရသီရိမြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေးဆိုင်ရာအသ်ပညာပေးဟောပြောခြင်းနှင့် ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဥတ္တရသီရိ ဇွန် ၂၇
 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်း ကျေးရွာနှင့် တောင်ညိုကျေးရွာတို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေးဆိုင်ရာအသ်ပညာပေးဟောပြောခြင်းနှင့် ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
 
အဆိုပါအခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မွေးဖွံ့) ဒေါက်တာခင်အောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (သုကျန်း) ဒေါက်တာမင်းသိမ်းမော်၊ နေပြည်တော် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာစံထွန်းဝေတို့မှ ဦးဆောင်ကြီးကြပ်၍ ကွင်းဆင်းအဖွဲ့ ၂ ဖွဲ့ဖြင့် ဝက်မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ ဇီဝလုံခြုံမှုဆိုင်ရာသင်တန်းပေးခြင်းနှင့် လက်တွေ့ပိုးသတ်သန့်ရှင်းရေးလုပ်ငန်းများကိုလေ့ကျင့်ပြသခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ဇလောင်းကျေးရွာအုပ်စုမှ ဝက်မွေးမြူသူ ၁၁ ဦးနှင့် တောင်ညိုကျေးရွာအုပ်စုမှ ဝက်မွေးမြူသူ ၁၈ စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ပါသည်။ ဝက်မွေးမြူသူများအား လက်တွေ့ပိုးသတ်သန့်ရှင်းရေးလုပ်ငန်းများလေ့ကျင့်ပြသခြင်းကို ငန်းစပ်ကျေးရွာရှိ ဦးစိုးမြင့် ဝက်မွေးမြူရေးခြံနှင့် တောင်ညိုကျေးရွာရှိ ဦးဟိန်းမင်းဇော် ဝက်မွေးမြူရေးခြံတို့တွင် လက်တွေ့ကွင်းဆင်းပြသခဲ့သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ် ၈ မြို့နယ်တွင် ဇီဝလုံခြုံမှုဆိုင်ရာ သင်တန်းနှင့် လက်တွေ့ပိုးသတ်သန့်ရှင်းရေးလုပ်ငန်းများလေ့ကျင့်ပြသခြင်းလုပ်ငန်းတို့အား ၂၇-၆-၂၀၂၄ ရက်မှ ၁၈-၇-၂၀၂၄ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။