Skip to main content

ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဇေယျာသီရိ ဇွန် ၂၆
 
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်း၊ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် နံနက် ၉:၃၀ နာရီအချိန်တွင်နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
 
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးဒေါက်တာထွေးကိုကိုက နေပြည်တော်၈ မြို့နယ်တွင်ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်နှင့် ရောဂါကင်းရှင်းဇုန်များ ထူထောင်လျက်ရှိပြီး အဆိုပါဇုန်အတွင်းခွေးရူးရောဂါအားရောဂါထိန်းချုပ်နိုင်ရန်အတွက်အသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ခွေးရူးရောဂါကူးစက်နိုင်သည့် သတိပြုလိုက်နာရမည့်အချက်များ၊ ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ စသည်တို့ကို တက်ရောက်လာသော ဆရာ၊ ဆရာမ (၉) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၃၁၀)ဦး အား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီးခွေးရူးရောဂါအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
 
ထို့နောက် ကျောင်းသားကျောင်းသူလေးများက သိလိုသည်များကို မေးခွန်းများ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။