Skip to main content

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ ဇွန် ၁၉
 
ပြည်ထောင်စုနယ်မြေ၊​နေပြည်​တော်​၊ ဇေယျာသီရိခရိုင်​၊ ပုဗ္ဗသီရိမြို့နယ်၊ ကျောက်စရစ်ကုန်း၊ အခြေခံပညာမူလတန်းလွန် ကျောင်းတွင်​ နံနက် ၁၁ နာရီအချိန်​တွင်​နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
 
ရှေးဦးစွာ ပြည်​ထောင်​စုနယ်​မြေ၊ နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးဒေါက်တာထွေးကိုကိုက နေပြည်​တော်​၈ မြို့နယ်​တွင်​ခွာနာလျှာနာ​ရောဂါထိန်းချုပ်ဇုန်နှင့် ရောဂါကင်းရှင်းဇုန်များ ထူ​ထောင်​လျက်​ရှိပြီး အဆိုပါဇုန်​အတွင်း​ခွေးရူး​ရောဂါအား​ရောဂါထိန်းချုပ်​နိုင်​ရန်​အတွက်​အသိပညာ​ပေး​ဟော​ပြောပွဲများ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း ပြောကြားသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်​)မှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက ခွေးရူးရောဂါ ကူးစက်နိုင်သည့် သတိပြုလိုက်နာရမည့်အချက်များ၊ ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ စသည်တို့ကို တက်​ရောက်​လာ​သော ဆရာ၊ ဆရာမ (၁၀) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၂၈၅)ဦး အား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး​ခွေးရူး​ရောဂါအသိပညာ​ပေး လက်​ကမ်းစာ​စောင်​များ ဖြန့်​ဝေ​ပေးခဲ့သည်။
 
ထို့နောက် ကျောင်းသားကျောင်းသူလေးများက သိလိုသည်များကို မေးခွန်းများ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။