Skip to main content

မွေးမြူရေးအစာ ဆီကြိတ်ဖတ်လိုအပ်ချက်ဆိုင်ရာ တွေ့ဆုံဆွေးနွေပွဲကျင်းပ

မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော မွေးမြူရေး အစာကုန်ကြမ်းများမှ အသားဓာတ်အရင်းအမြစ်အဖြစ် သုံးစွဲသည့်ပဲပုပ်ဖတ်များကို ပြည်ပမှ တင်သွင်းမှုအား နှစ်အလိုက် လျော့ချသွားနိုင်ရန်နှင့် ပြည်တွင်းထုတ်လုပ်သည့် ဆီကြိတ်ဖတ် များကို အစားထိုးသုံးစွဲနိုင်ရန်အတွက် မွေးမြူရေးအစာ ဆီကြိတ်ဖက်လိုအပ်ချက်ဆိုင်ရာတွေ့ဆုံ ဆွေးနွေးပွဲကို ၂၀၁၄ခုနှစ် ဇွန်လ (၁၉)ရက်တွင် ရုံးအမှတ်(၃၆)၊ အစည်းအဝေးခန်းမ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမေွးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မွေးမြူရေးအစာစပ်စက်ရုံများ၊ အစာကုန်ကြမ်းတင်သွင်းမည့်သူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များ အသင်း၊ ပြည်တွင်းဆီစက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။