Skip to main content

အသင်းအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကိုယ်တိုင်ပူးပေါင်းပါဝင်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်းအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အခက်အခဲများ သိရှိနိုင်ရန်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်း အခြေခံစက်မှုလုပ်ငန်းများ၌ ကုန်ချောများ ထုတ်လုပ်တင်ပို့နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်ရှိရင်ဆိုင်တွေ့ကြုံရသည့် အခက်အခဲများ သိရှိနိုင်ရန်၊ အလားအလာကောင်းသော (MSMEs) လုပ်ငန်းများကို ရှာဖွေဖော်ထုတ်ရန်နှင့် စိုက်ပျိုးရေးအခြေခံစက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် အဖွဲ့အစည်းနှင့် မူဝါဒပိုင်းအားကောင်းလာစေရန်ရည်ရွယ်ချက် (၃)ရပ်ဖြင့် ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း။

ပံ့ပိုးပေးရမည့်လုပ်ငန်းများဆွေးနွေးရန်

ယခုဆွေးနွေးပွဲတွင် ပြည်တွင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်း အခြေခံစက်မှုလုပ်ငန်းများ၏ လက်ရှိဆောင်ရွက်နေမှုအခြေနေများ၊ အားနည်းချက်၊ အားသာချက်များ၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်း အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍတို့မှ ပူးပေါင်းဆောင်ရွက် ရမည့်နည်းလမ်းများ၊ ကာလတို၊ ကာလရှည် ဆောင်ရွက်ရန်လုပ်ငန်းများ၊ နိုင်ငံတော်ကပံ့ပိုးပေးရမည့်လုပ်ငန်းများနှင့် မူဝါဒများကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများအကြား အသေးစိတ်အဖြေရှာဖွေ ဖော်ထုတ်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်း အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ တွင် ဦးစီးဌာနအလိုက် တာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခြင်း၊ ဌာနအသင်းအဖွဲ့နှင့် ပုဂ္ဂလိကတာဝန်ရှိသူများက အုပ်စုအလိုက်ဆွေးနွေးခြင်း၊ အုပ်စု ရှစ်ခု၏ ကိုယ်စားလှယ်များက ဆွေးနွေးချက် ရလဒ်များကို ပြန်လည်တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဆွေးနွေးပြောကြား

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ သုံးသပ်တင်ပြပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက ဆွေးနွေးပွဲတက်ရောက် လာကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။