ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၁။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ပထမအကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူ ဝယ်ယူမည့် တိရစ္ဆာန်သုံးဆေးဝါး(၁၃)မျိုးတွဲပါကင်၊ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုငွေဖြင့် ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းကိရိယာ(၈၂)မျိုး၊ ဓာတ်ခွဲခန်းသုံးပရိဘောဂပစ္စည်း(၁)မျိုး၊ ရုံးသုံးစက်ပစ္စည်းကိရိယာ (၈)မျိုး၊ ရုံးသုံးပရိဘောဂပစ္စည်း(၃)မျိုး၊ ငွေလုံးငွေရင်း (အခြား)အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဝယ်ယူမည့် ဓာတ်ခွဲခန်းလုပ်ငန်းသုံးပစ္စည်း(၂၈)မျိုး၊ (FMD Trivalent) (၁)မျိုး၊ ခွေးရူးရောဂါကာကွယ် ဆေး (Rabies Vaccine)(၁)မျိုး၊ ပြည်ပအထောက်အပံ့ (မဲခေါင်-လန်ချန်း)အစီအစဉ်ဖြင့် ဝယ်ယူမည့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းကိရိယာ(၁၁)မျိုး၊ ဓာတ်ခွဲခန်းသုံးပရိဘောဂပစ္စည်း(၁)မျိုး၊ ကျွဲ၊ နွားခွာနာ လျှာနာရောဂါကာကွယ်ဆေး (FMD Trivalent) (၁)မျိုးနှင့် သာမန်အသုံးစရိတ်ခွင့်ပြုငွေဖြင့် ဝယ်ယူမည့် ဓာတ်ခွဲခန်းသုံးဓာတုပစ္စည်းနှင့်မီဒီယာ(၁၈၈)မျိုးတို့အား ဝယ်ယူရန်အတွက် မြန်မာကျပ် ငွေဖြင့် ဈေးနှုန်းအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ပထမအကြိမ် ကြေညာအပ်ပါသည်။
၂။ ဈေးနှုန်းအဆိုပြုလွှာပုံစံများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ ဖြည့်တင်းရေးနှင့်သိုလှောင်ရေးဌာနစိတ်၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် (၂၅-၄-၂၀၂၅) ရက်မှစ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး (၈-၅-၂၀၂၅) ရက်တွင် တင်ဒါပုံစံများကို ပိတ်သိမ်း၍ 1% P.O Cheque လက်ခံမည်ဖြစ်ကာ အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်ရက်ကို အချိန်မှီ အကြောင်းကြားသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်းအမှတ် ၀၆၇-၃၄၀၈၁၇၇ နှင့် ၀၉-၇၇၃၄၇၇၈၈၄ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန