Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေးခြင်းနှင့် ကာကွယ်ကုသလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အတွင်းရှိ (၈) မြို့နယ်တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရက်သတ္တပတ်လှုပ်ရှားမှုပုံစံဖြင့် တိရစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်း နှင့် ကာကွယ်ကုသလုပ်ငန်းများကို (၂၀-၃-၂၀၂၄) ရက်မှ (၁၀-၇-၂၀၂၄) ရက်အထိ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ရှင်းလင်းဟောပြော

ပြည်ထောင်စုနယ်မြေ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဒုတိယတိုင်းဒေသကြီး ဦးဆောင်သော ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ ပါဝင်သောအဖွဲ့သည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ရုံးချုပ်) မှ တိရစ္ဆာန် ရောဂါစူးစမ်းလေ့လာရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ သုတေသနအရာရှိ (၂) ဦး ပါဝင်သော Veterinary Mobile Clinic အဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အသိပညာပေးဟောပြောခြင်းအနေဖြင့် ဘဲမွေးမြူရေး၊ မွေးမြူရေးဒီပလိုမာကျောင်းနှင့် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုအထက်တန်းကျောင်းများအကြောင်း၊ နေပြည်တော် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် တည်ထောင်သတ်မှတ်ခြင်း၊ နားကပ်အမှတ်အသားတပ်ဆင်ခြင်းဆိုင်ရာ အကျိုးကျေးဇူး၊ ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျား ရောဂါနှင့် ခွေးရူးရောဂါအကြောင်း ရှင်းလင်းဟောပြောသွားမည်ဖြစ်ပါသည်။

ဆက်လက်၍ တက်ရောက်လာသော မွေးမြူသူများကိုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မွေးမြူထားရှိသည့် တိရစ္ဆာန်များကို ကာကွယ်ကုသလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။