Skip to main content

ပျားအုံများတွင် အတောင်လိပ်ရောဂါကျရောက်မှုကာကွယ်ရေး အသိပေးနှိုးဆော်ချက်

၁။      အပူချိန်လွန်ကဲမှုကြောင့် မေလ မှ ဇူလိုင်လအတွင်း မွေးမြူရေး(ဥရောပ)ပျားအုံများတွင် အတောင်လိပ်ရောဂါကျရောက်တတ်ပြီး အဆိုပါအတောင်လိပ်ရောဂါ ကျရောက်မှုကြောင့် သက်ငယ် ပျားများ(Nurse Bees) ဆုံရှုံးကာ ပျားအုံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ပါသည်။

၂။       သို့ဖြစ်ပါ၍ ပျားမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် အတောင်လိပ်ရောဂါ ကျရောက်မှုမှ ကာကွယ်နိုင်ရန် အောက်ဖော်ပြပါအချက်များကို ဂရုပြုလိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်-

(က)    မေ၊ ဇွန်၊ ဇူလိုင် လများတွင် အပူချိန်မြင့်မားသည့်အတွက် ပျားအုံများကို အရိပ်ကောင်းမွန်သည့် နေရာများတွင် ချထားမွေးမြူရန်။

(ခ)     ကပ်ပါးမွှားရောဂါ ကင်းစင်ရေး ဆောင်ရွက်ရန်။

(ဂ)     ပျားသောက်ရေလုံလောက်စွာ ရရှိရေးဆောင်ရွက်ရန်။

(ဃ)    ပျားအုံများ လေဝင်လေထွက်ကောင်းမွန်အောင် ဆောင်ရွက်ရန်။

(င)     ပျားအုံများအတွင်း သားလောင်းနှင့် သားထိန်းပျားများ အချိုးအစားညီမျှအောင် ဆောင်ရွက်ရန်။

(စ)     သကြားနှင့် ရေကို သတ်မှတ်ထားသည့် အချိုးအစားဖြင့်ဖျော်စပ်ပြီး ဆားအနည်းငယ် ထည့်၍ တိုက်ကျွေးရန်။

(ဆ)    ပျားသလက်ဘောင်အသစ်များဖြင့် မွေးမြူနိုင်ရေးဆောင်ရွက်ရန်။

(ဇ)     ရောဂါကျရောက် ဖြစ်ပွားနေကြောင်းသိရှိပါက နီးစပ်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံးနှင့် မြန်မာနိုင်ငံပျားလုပ်ငန်းအသင်းထံသို့ ဆက်သွယ်အကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်ရန်။

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန