Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေမှု၊ တတိယအကြိမ် ရုရှား−မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မရှင်အစည်းအဝေး၏ သဘောတူညီမှုများအား ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား စားရေရိက္ခာဖူလုံရေးဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲရလဒ်မှ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လိုသည့် ဦးစားပေးလုပ်ငန်းများ၊ မြန်မာနိုင်ငံတွင် သဘာဝအပင်ကြီးထွားဆေးစက်ရုံ တည်ဆောက်ရန်ကိစ္စရပ်၊ မြန်မာ့ ရေ၊ မြေ၊ ရာသီ ဥတု၊ သီးနှံလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် ဓာတ်မြေဩဇာများ ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရေးနှင့် ဆန်နှင့်ပဲမျိုးစုံ အပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များအတွက် ဈေးကွက် အခွင့်အလမ်းရရှိရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် Egyptian International Center for Agriculture (EICA)တွင် ဖွင့်လှစ်ပို့ချသည့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းသို့တက်ရောက်ရန် မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်ခဲ့မှု၊ နှစ်နိုင်ငံ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာအသစ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်မှု၊ ဝါမျိုးများဖလှယ်ရေး၊ ဝါသီးနှံနှင့်အာလူးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။