Skip to main content

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ဆောင်ရွက်မည့်လုပ်ငန်းများ

     LBVD App တွင် ထည့်သွင်းဖော်ပြမည့် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးနည်းပညာအချက်အလက်များကို စုစည်း၍ အောက်ပါအတိုင်းဆောင်ရွက်သွားပါမည်-

         ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် LBVD App အတွက် သုံးစွဲရန် ရန်ပုံငွေမရှိပါ ကြောင်း ဖော်ပြအပ်ပါသည်။သို့ဖြစ်ပါ၍ ဝန်ကြီးဌာနသို့ အသုံးစရိတ်နှင့်ခွင့်ပြုချက်များ ရယူ နိုင်ရန် တင်ပြအပ်ပါသည်။ LBVD App ရေးဆွဲနိုင်ရန်အတွက် တင်ဒါရွေးချယ်ခေါ်ယူပြီး ဆောင်ရွက်ပါမည်။

  LBVD App မွေးမြူရေးနှင့်ကုသရေးနည်းပညာဖုန်းဆော့ဝဲလ်သည် တိရစ္ဆာန်မွေးမြူ ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသော ဖုန်းဆော့ဝဲလ် ဖြစ်ပါ သည်။ ပြည်သူများကို တိရစ္ဆာန်မွေးမြူရေးနည်းပညာများအပြင် မွေးမြူရေးကို စီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့်မြင်လာပြီး ဝင်ငွေတိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင် မည် ဖြစ်ပါသည်။ LBVD App မှာ ကဏ္ဍ()ခုကို ဦးစားပေးထည့်သွင်းထားပါသည်။

(က) အမေး/အဖြေကဏ္ဍ

အမေး/အဖြေကဏ္ဍတွင်မွေးမြူသူနှင့်ပညာရှင်များကိုတိုက်ရိုက်ချိတ်ဆက် ပေးထားသော အမေးအဖြေ၊ ပညာရှင်များအပါအဝင် အချင်းချင်းပြောဆိုဆက်သွယ် နိုင်မည့် Chat နှင့် တိရစ္ဆာန်မွေးမြူသူများအတွက် မွေးမြူရေးနှင့်ကုသရေး လမ်းညွှန် မှုများ ပါဝင်ပါသည်။

()လေ့လာစရာများ                  

တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးပိုင်းနှင့်သက်ဆိုင်သော နည်းပညာဗဟုသုတ များကို အလွယ်တကူ လေ့လာနိုင်ရန် ဖော်ပြထားပါမည်။ ထို့အပြင် တိရစ္ဆာန်မွေးမြူ ရေးသတင်းများနှင့် တိရစ္ဆာန်မွေးမြူရေးစာအုပ်များအား အခမဲ့ ရယူနိုင်မည် ဖြစ်ပါ သည်။

()ကုန်သွယ်ရေးကဏ္ဍ

မွေးမြူရေးကို စီးပွားရေးတစ်ခုလိုမြင်ပြီးလုပ်ဆောင်မှသာ ရေရှည်ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် မွေးမြူသူများကို စီးပွားရေးကဏ္ဍများနှင့်ချိတ် ဆက်နိုင်ဖို့ LBVD App အဖွဲ့သားတွေက အမြဲမပြတ်ကြိုးစားနေပါသည်။