Skip to main content

ကြက်ဖမွေးဇောင်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၄၉၂)ဧက ခန့်နှင့် ကျုံကဒွန်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၅၀၀)ဧကခန့်အား ဌားရမ်းရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုးရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၄၉၂)ဧက ခန့်နှင့် ကျုံကဒွန်းစိုက်ကွင်းရှိ စိုက်ပျိုးမြေ(၅၀၀)ဧကခန့်အား တောင်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝန်ကြီးဌာန၏ တင်ဒါ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးသွားမည်ဖြစ်ပါသဖြင့် စိုက်ပျိုးရေးလုပ်ငန်းစိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား လုပ်ငန်းရှင်/တောင်သူများအား ဖိတ်ခေါ် အပ်ပါသည်။

 

၂။       တင်ဒါပုံစံရောင်းချမည့်ရက်               - (၂၂-၁၂-၂၀၂၃)ရက်နေ့မှ (၅-၁-၂၀၂၄)ရက်နေ့

                                                              အထိ (ရုံးချိန်အတွင်း)

၃။       တင်ဒါပုံစံရောင်းချမည့်နေရာ            - စိုက်ပျိုးရေးဦးစီးဌာန၊ ထောက်ပံ့ဖြည့်တင်းရေး

              ဌာနခွဲ၊ ရုံးအမှတ်(၄၃)၊ နေပြည်တော်

၄။       တင်ဒါလျှောက်လွှာလက်ခံမည့်ရက်  - (၉-၁-၂၀၂၄)ရက်နေ့၊ (၁၃:၀၀)နာရီ။   

    ထောက်ပံ့ဖြည့်တင်းရေးဌာနခွဲ၊ ရုံးအမှတ်(၄၃)၊

    နေပြည်တော်

၅။      အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန(ထောက်ပံ့ဖြည့်တင်းရေးဌာနခွဲ)၊ ရုံးအမှတ် (၄၃)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ ဖုန်း- ၀၆၇-၄၁၀၂၁၀၊ ၀၆၇-၄၁၀၅၁၈ ၊ ၀၉-၄၂၈၅၉၅၅၉၃ တို့သို့ ဆက်သွယ်၍လည်ကောင်း စုံစမ်းမေးမြန်း နိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

  စိုက်ပျိုးရေးဦးစီးဌာန