Image: 

မြန်မာ့မျိုးနွားသိုးမွေးမြူမှုဆိုင်ရာ စစ်တမ်းကောက်ယူခြင်း

မေလ 10, 2019

မြန်မာနိုင်ငံ၏ နွားမွေးမြူရေးလုပ်ငန်းတွင် (၉၅%) မှာမျိုးနွားသိုးကို အသုံးပြု၍ သဘာဝသားစပ်ခြင်းနည်းလမ်းဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။ နွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် မျိုးကောင်း/ မျိုးသန့်များပေါ်ထွန်းလာရေးသည် အရေးအကြီးဆုံး အခြေခံအချက်ဖြစ်ပါသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် FAO-LIFT တို့ပူးပေါင်း ဆောင်ရွက်နေသည့် တိရစ္ဆာန်ကျန်းမာရေး၊ထုတ်လုပ်မှုနှင့် ဈေးကွက်မြှင့်တင်ရေးမှတဆင့် အပူပိုင်းဒေသရှိ တောင်သူလယ်သမားများ၏ လူနေမှုဘဝတိုးတက်မြင့်မားရေးစီးမံကိန်းမှ စီမံကိန်း (၆) မြို့နယ်အတွင်း ဒေသမျိုးနွားသိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုကိူ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် စတင်လေ့လာခဲ့ခြင်းဖြစ်ပါသည်။ မျိူးနွားသိုးမွေးမြူမှု လေ့လာရေးစီမံကိန်းကို ဆောင်ရွက်ရာ တွင် စီမံကိန်း( ၆)မြို့နယ်မှ မျိုးနွားသိုးမွေးမြူသူ (၁၂၂) ဦး၊ နွားသိုးကောင်ရေ (၁၉၃) ကောင်၏ မျိုးနွားသိုးဆိုင်ရာ အခြေခံ ကိန်းဂဏန်းမှတ်တမ်းများရယူခဲ့ပါသည်။ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ခေတ်မှီမွေးမြူရေးစနစ်များကို လက်တွေ့ အသုံးချဆောင်ရွက်ခြင်းနှင့် ကောင်းမွန်သောမျိုးနွားသိုးများကို ရွေးချယ်သားစပ်ဆောင်ရွက်ပါက စီးပွားဖြစ်မျိုးနွားသိုး သားစပ်လုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်လာမည်ဖြစ်သည်။