Image:

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ရုံးချုပ်)မှ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကယားပြည်နယ်သို့ ကွင်းဆင်းခြင်း
ဇူလိုင်လ 13, 2020
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (ရုံးချုပ်)မှ Rapid Response Team အဖွဲ့ နှင့် မြို့နယ်မှ တာဝန်ရှိ မွေး/ကုဝန်ထမ်းများပူးပေါင်း၍ ၂၀၂၀ ခုနှစ် ၊ ဇူလိုင်လ (၄)ရက်နေ့တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဘေဘူခေါ၊ ကေကောနှင့် ရော်ဒေါ်ခေါကျေးရွာများသို့ ကွင်းဆင်း၍ ဝက်ရောဂါဆိုင်ရာပညာပေးခြင်း၊ ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ မွေးမြူမှုအခြေအနေများလေ့လာခြင်းနှင့် နမူနာပစ္စည်းရယူခြင်းများဆောင်ရွက်ခဲ့ပါသည်။