Image: 

ပင်လည်ဘူးမြို၌ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ပညာပေးဟောပြောခြင်းဆောင်ရွက်

သြဂုတ်လ 10, 2020

       စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာဝင်းမြင့်အောင်နှင့် ဝန်ထမ်းအဖွဲ့သည် တစ်ပိုင်တစ်နိုင်ဝက်များ မွေးမြူထားသည့်ဝက်မွေးမြူရေးခြံများသို့ ကွင်းဆင်းပြီး ကာကွယ်ဆေးထိုးကုသခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ပညာပေးဟောပြောဆောင်ရွက်ခြင်းတို့ကို ဩဂုတ်(၈) ရက်နေ့က ပြစ်ဆိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       အဆိုပါကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ဝက်များမွေးမြူထားသောဝက်မွေးမြူရေးခြံများအား ပိုးသတ်ဆေးများဖျန်းခြင်း၊ ကျန်းမာရေးမကောင်းသည့် ဝက်များအားကာကွယ်ဆေးထိုးကုသပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ၊ ဝက်များတွင် ကူးစက်ရောဂါလက္ခဏာတွေ့ရှိခဲ့ပါက ကာကွယ်ဆေးများကို အချိန်မှီထိုးနှံဆောင်ရွက်နိုင်ရေးနှင့် စနစ်တကျ မွေးမြူထားရှိရေးတို့နှင့်ပတ်သက်၍ တစ်ပိုင်တစ်နိုင်ဝက်များမွေးမြူထားသူများအားအသိပညာပေးလုပ်ငန်းဆိုင်ရာများဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိဒေါက်တာဝင်းမြင့်အောင်ထံမှ သိရသည်။