Image: 

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် အဆင့်မြင့်ကွန်ပျူတာ (Microsoft Excel) သင်တန်းဖွင့်လှစ်

ဇူလိုင်လ 8, 2019

နေပြည်တော်၊ ရုံးအမှတ် (၃၆) ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဌာနတွင်းစွမ်းဆောင်ရည်ပြည့်မီသော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာစေရန်အတွက်    အဆင့်မြင့်ကွန်ပျူတာ (Microsoft Excel) သင်တန်းကို (၂၄-၆-၂၀၁၉) ရက်မှ (၂၈-၆-၂၀၁၉) ရက်အထိ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ သင်တန်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ရခြင်းမှာ ဌာနလက်အောက်ရှိ ဌာနခွဲ (၁၀) ခုမှ ဝန်ထမ်းများသည် မိမိဌာနခွဲများရှိ စာရင်းများအား ရေးသွင်းသည်မှစ၍ သုံးသပ်တင်ပြနိုင်သည်အထိ ပြုလုပ် နိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။

          အဆိုပါသင်တန်းသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသား/ သူများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ပြီး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          သင်တန်းတွင် Data များကို တင်ပြရာတွင်  Data အလိုက် အသုံးပြုသင့်သည့် Graph များအကြောင်း၊ Power Point Presentation တွင် ဆောင်ရန် ရှောင်ရန်အချက်များ၊  Excel တွင်စာရင်းဇယားများရေးသွင်းခြင်း၊ Data Cleaning Protocol များအကြောင်း၊ Excel ရှိ Pivot Table ကို အသုံးပြု၍ စာရင်းဇယားများသုံးနိုင်ခြင်း၊ အုပ်စုလိုက်ဆွေးနွေးမှုများ၊ လက်တွေ့လုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းနောက်ဆုံးရက်တွင် သင်တန်းသား တစ်ဦးစီမှ မိမိဌာနခွဲရှိ စာရင်းများကိုယ်တိုင်ထည့်သွင်း၍ သုံးသပ်ချက်များအား တင်ပြခဲ့ပါသည်။

အဆိုပါသင်တန်း ဖွင့်လှစ်ခြင်းအားဖြင့် Data များအား ကိုင်တွယ်နိုင်၍ သုံးသပ် တင်ပြလာနိုင်ခြင်း၊ အုပ်စုဖွဲ့လုပ်ကိုင်နိုင်သောအရည်အချင်းများတိုးတက်လာခြင်းနှင့် Presenta- tion ပြုလုပ်သည့် အလေ့အကျင့်များရှိလာခြင်းစသည့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ပါ သည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဌာနတွင်းလူ့စွမ်းအားအရင်းအမြစ်များ ပိုမိုများပြားလာစေရန် ဆက်လက်၍ အလားတူ သင်တန်းများ ဖွင့်လှစ်သွား မည်ဖြစ်ပါသည်။