Image: 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ တရုတ်စာသင်တန်းဆင်းပွဲကျင်းပပြုလုပ်

နိုဝင်ဘာလ 27, 2019

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်  “တရုတ်စာသင်တန်း (HSK- 1)”ကို(၂၈-၅-၂၀၁၉) မှ (၁၄-၁၁-၂၀၁၉)ရက်နေ့အထိ သင်တန်းသား/သူ (၃၀) ဦး တို့အား တရုတ်စာ အရေးစွမ်းရည်၊ အဖတ် စွမ်းရည်၊ အပြောစွမ်းရည်၊ နားထောင်စွမ်းရည်တို့ သင်တန်းဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်း ဆင်းပွဲကို ရုံးအမှတ် (၃၆) ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရှေ့တိုင်းဘာသာစကားနှင့် စီးပွားရေးစင်တာ၏ ကွန်ဖြူးရှပ်သင်တန်းတာဝန်ခံ Miss-shi Ying နှင့် နည်းပြဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား/သူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါသည်။

အမှာစကားပြောကြားရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း၊ အရှေ့တိုင်းဘာသာစကားနှင့်စီးပွားရေးစင်တာ၏ ကွန်ဖြူးရှပ်သင်တန်းတာဝန်ခံ Miss-shi Ying တို့မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်သင်တန်းသား/သူများအား  သင်တန်းဆင်း လက်မှတ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ အရှေ့တိုင်းဘာသာနှင့်စီးပွားရေးစင်တာသင်တန်းတာဝန်ခံ Miss Shi Yin၊ နည်းပြ Miss Lu Rui နှင့်နည်းပြ Zhou Qin Rui တို့အားအမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။  သင်တန်းသား/သူများကိုယ်စား သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်းမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းဆင်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပပြီးမြောက်ခဲ့ပါသည်။