Image: 

"မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင်လူငယ်ပညာရှင်များ၏စာတမ်းဖတ်ပွဲကျင်းပပြုလုပ်"

မတ်လ 4, 2020

    လူငယ်ပညာရှင်များ၏စာတမ်းဖတ်ပွဲကိုမတ်လ (၄) ရက်၊ နံနက် (၉)နာရီတွင်  နေပြည်တော်၊ ရုံးအမှတ် (၃၆)၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း မှတက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါစာတမ်းဖတ်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လူငယ်ပညာရှင်များအနေဖြင့် မိမိတို့တာဝန်ကျရာ လုပ်ငန်းများအပေါ် လေ့လာသုံးသပ်ခြင်းနှင့် စနစ်တကျဆောင်ရွက်ခြင်းအား အလေ့အကျင့်ရစေရန်၊ စစ်တမ်းကောက်ယူခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ပြန်လည်တင်ပြခြင်းနှင့် အတွေ့အကြုံများအား ဖလှယ်ခွင့်ရရှိခြင်းဖြင့် ဗဟုသုတပိုမိုရရှိစေရန်ကျင်းပခြင်းဖြစ်ပါသည်၊

    စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် (၁၀)ဦးမှ သက်ဆိုင်ရာကဏ္ဍအလိုက် စစ်တမ်းကောက်ယူခဲ့သောစာတမ်များအားဖတ်ကြားတင်ပြခြင်းခဲ့ကြပြီး အကြံဉာဏ်များ၊ သုံးသပ်ချက်များနှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီးဆုရရှိသူများအားဆုများပေးအပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် လူငယ်ပညာရှင်(၁၃၁)ဦး တက်ရောက်ခဲ့ပြီး စာတမ်းရှင် (၁၀)ဦးမှ သက်ဆိုင်ရာစာတမ်းများအား ဖတ်ကြားတင်ပြခဲ့ကြပါသည်။