Image: 

" မဲခေါင်-လန်ချန်း ဒေသအတွင်း တိရစ္ဆာန်စောင့်ကြည့်ထိန်းသိမ်းစစ်ဆေးရေးလုပ်ငန်းစဉ်ဆိုင်ရာ အတွေ့အကြုံများ မျှဝေခြင်းနှင့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တရားဝင်နယ်စပ် ကုန်သွယ်မှုပြုရန်အတွက် ပူပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပ

ဇန်နဝါရီလ 15, 2020

   စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူးနှင့်ကုသရေး ဦးစီးဌာမှ ဦးဆောင်၍ "မဲခေါင်-လန်ချန်း ဒေသအတွင်း တိရစ္ဆာန်စောင့်ကြည့် ထိန်းသိမ်းစစ်ဆေးရေး လုပ်ငန်းစဉ်ဆိုင်ရာ အတွေ့အကြုံများ မျှဝေခြင်းနှင့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တရားဝင်နယ်စပ်ကုန်သွယ်မှုပြုရန်အတွက် ကွန်ယက်စနစ်အား အစပျိုးထူထောင်ခြင်းဖြင့်  တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာပူပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးရေး အလုပ်ရုံဆွေးနွေးပွဲ" ကို မန္တလေးမြို့၊ Mercure Mandalay Hill Resort Hotel ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှဝန်ကြီး ဒေါက်တာစိုးသန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာနမှ ကိုယ်စားလှယ်တို့က အဖွင့်အမှာစကားပြော ကြားကြပါသည်။

   စီမံကိန်းသည် မြန်မာနိုင်ငံအတွက် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက် နေပြည်သူများ ဘဝဝင်ငွေတိုးတက်ရေး၊ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိရေးတို့အတွက် အထူး အရေးပါသော စီမံကိန်းတစ်ခုဖြစ်၍မြန်မာနိုင်ငံအပါအဝင် မဲခေါင်-လန်ချန်း နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ပါဝင်ပြီး Mekong – Lancang Cooperation သည် ဒေသတွင်းနိုင်ငံများအကြား တိရစ္ဆာန်စောင့်ကြည့်ထိန်းသိမ်း စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံများမျှဝေခြင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တရားဝင်နယ်စပ်ကုန်သွယ်မှုပြုရန်အတွက် ကွန်ရက်စနစ်အား အစပျိုးထောင် ခြင်းနှင့် တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးခြင်း တို့ကို ယခု အလုပ်ရုံဆွေးနွေးပွဲတွင် ညှိနှိုင်းပူးပေါင်းဆွေးနွေးသွားကြမည် ဖြစ်ပါသည်။

   အဆိုပါစီမံကိန်းအနေဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက် ပစ္စည်းများကို တရားဝင် နယ်စပ်ကုန်သွယ်မှုပြုလုပ်နိုင်ရန်၊ တိရစ္ဆာန်ဆေးကုလုပ်ငန်း ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ပေးနိုင်ရန်တရုတ်ပြည်သူ့သမ္မတနိုင်ငံက အထောက် အပံ့ပေးထားခြင်းဖြစ်ပါသည်။

   အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များသည် မွေးမြူရေးကဏ္ဍအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးသက်ရောက်စေမည်ဖြစ်ပြီး ဝန်ကြီးဌာန၏ မူဝါဒကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အထောက်အပံ့များ ရရှိစေမည်ဖြစ်ပါသည်။

   ဆွေးနွေးပွဲသို့ The People’s Republic of China, Cambodia, Thailand နှင့် Laos နိုင်ငံများမှကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန National Coordination Unit နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြာရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သိရှိရသည်။