Image: 

မဲခေါင်-လန်ချန်းနိုင်ငံများအကြားတိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများအား တရားဝင်နယ်စပ်ကုန်သွယ်မှုပြုလုပ်နိုင်ရန်အတွက်တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ပေးရေးစီမံကိန်းစတင်ခြင်းနှင့် စီမံကိန်း လုပ်ငန်းစဉ်များညှိနှိုင်းခြင်း

စက်တင်ဘာလ 13, 2019

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူး​ပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ်အထူးရန်ပုံငွေ (၂၀၁၈)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သည့် “မဲခေါင်-လန်ချန်းနိုင်ငံများအကြား တိရစ္ဆာန်ဆေးကုသ လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ပေးရေးစီမံကိန်း” စတင်ခြင်းနှင့် စီမံကိန်း လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို(၂၀-၈-၂၀၁၉)ရက်မှ (၂၁-၈-၂၀၁၉)ရက်ထိ နေပြည်တော်ရှိ ဟိုတယ် ရွှေပြည်တော်တွင် နံနက်(၉:၃၀)နာရီမှ ညနေ (၁၅:၃၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အလုပ်ရုံ ဆွေးနွေးပွဲကို စီမံကိန်းလုပ်ငန်း အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေး ညှိနှိုင်းနိုင်ရန်၊ မြန်မာနိုင်ငံတိရစ္ဆာန်စောင့်ကြည့် စစ်ဆေးရေးစခန်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ပစ္စည်းများအား တရားဝင်နယ်စပ်ကုန်သွယ်မှုပြုလုပ်နိုင်ရန်အတွက် တိရစ္ဆာန်ရောဂါ စစ်ဆေးရေးစခန်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်မည့် လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် တာဝန်ရှိသူများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း စီမံကိန်းတာဝန်ခံများ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ Animal Check Point များနှင့် Quarantine Station များမှ တာဝန်ခံများ၊ လူငယ်ပညာရှင်များ စုစုပေါင်း (၅၀) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြပါသည်