Image: 

တိရစ္ဆာန်အစာထုတ်လုပ်သည့် ကုမ္ပဏီများအစာထုတ်လုပ်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များအားရှင်းလင်း

မတ်လ 1, 2020

တိရစ္ဆာန်အစာထုတ်လုပ်သည့် ကုမ္ပဏီများအစာထုတ်လုပ်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်ရှင်းလင်းပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃) ရက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်/မွေး/ဆည်ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၆) စုဝေးခန်းမ၌ ကျင်းပရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း တက်ရောက်အမှာစကားပြောကြားပါသည်။

အဆိုပါအစည်းအဝေးကို မွေးမြူရေးအစာများတွင် ပဋိဇီဝဆေးများအား Growth Promoter အနေဖြင့် သုံးစွဲမှုအား တားမြစ်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ပြန်မည့် အမိန့်၊ ညွှန်ကြားချက်များအား တိရစ္ဆာန်အစာထုတ်လုပ်သူ/ကုမ္ပဏီများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။