Image: 

စတုတ္ထကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

နိုဝင်ဘာလ 8, 2019

        စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စတုတ္ထကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆပ်ကပ် လှူဒါန်းပွဲအခမ်းအနားကို (၇-၁၁-၂၀၁၉) ရက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

         အဆိုပါ ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့်ဇနီး၊ ဌာနဆိုင်ရာအမြဲတမ်းအတွင်းဝန်များနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး ဦးဆောင်သော အဖွဲ့မှ ဆရာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှဝေခဲ့ကြပါသည်။ ထို့နောက် ဆရာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းကြပြီး  တရားနာပရိတ်သတ်များအား ကျွေးမွေး ဧည့်ခံခဲ့ကြောင်းနှင့်  ပဒေသာပင်များအား သက်ဆိုင်ရာကျောင်းတိုက်များသို့ ပို့ဆောင်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။