Image: 

ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်

ဒီဇင်ဘာလ အသုံးပြု စကားစု - လအမည် အပြည့်အစုံ 5, 2019

       ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးဆိုင်ရာအစည်းအဝေးကို ဒီဇင်ဘာလ (၄) ရက် နံနက် (၉) နာရီတွင် နေပြည်တော်၊ ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရိဟိုတယ် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊  မြို့နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပါသည်။

       မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်  ၂၀၁၈ခုနှစ်အတွင်း တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းအား ဆောင်ရွက်ပြီးစီးခဲ့ပြီးနောက် ယခင်ကောက်ယူခဲ့သော တိရစ္ဆာန်ကောင်ရေစာရင်းများအား အခြေပြု၍ အချိန်ကာလကွာခြားမှုအရ ပြောင်းလဲလာသည့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုစာရင်းများအားသိရှိနိုင်ရန်၊ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်အတွက် စာရင်းကောက်ယူဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းအား တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခုမှ ခရိုင် (၃၁) ခရိုင်၊ မြို့နယ် (၃၅) မြို့နယ်၊ ကျေးရွာပေါင်း (၁၅၃၄)  ကျေးရွာနှင့် ရပ်ကွက်ပေါင်း (၅၂) ရပ်ကွက်ရှိ အိမ်ခြေစုစုပေါင်း (၁၉၇,၃၄၇) တွင် Tablets ဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။  ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း အပြီးကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။