Image: 

“ဝက်မွေးမြူထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ”ပြုလုပ်ကျင်းပ

အောက်တိုဘာလ 8, 2019

 

      မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် UMFCCI-IFC တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် “ဝက်မွေးမြူထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ရေး ဆိုင်ရာဆွေးနွေးပွဲ” အခမ်းအနားကို အောက်တိုဘာလ (၃) ရက်နေ့ နံနက် (၈)နာရီခွဲ အချိန်တွင် Hiton Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နေပြည် တော်ကောင်စီဉက္ကဌနှင့်တကွ စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်တော်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ အတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များ၊ International Finance Cooperation (IFC) မှကိုယ်စားလှယ်များ၊ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှကိုယ်စားလှယ်များ၊ မိတ်ဖက်ဌာနများနှင့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  အောင်သူမှ အမှာစကားပြောကြားရာတွင် အာဖရိကဝက်အပြင်းဖျားရောဂါသည် မြန်မာနိုင်ငံ အပါအဝင်အိမ်နီးချင်းနိုင်ငံများအထိ ကူးစက်ပျံ့နှံ့ရောက်ရှိနေသောရောဂါဖြစ်ပြီး ရောဂါထိန်း ချုပ်ရေးနှင့် ကာကွယ်ရေးကိစ္စများနှင့်ပတ်သက်ပြီး ဝက်မွေးမြူထုတ်လုပ်ရေးစနစ် အဆင့် မြှင့်တင်နိုင်ခြင်း၊  ၊ ရောဂါကြိုတင်ကာကွယ်စစ်ဆေးဖော်ထုတ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်အတူ ဝက်မွေးမြူရေးကဏ္ဍတိုးတက်နိုင်စေရန် ပြုပြင်တည်ဆောက်သွားရေး နှင့် စပ်လျဉ်းပြီး လုပ်ငန်းစဉ်များချမှတ်ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပ Stakeholder များစုံစုံလင်လင်ပူးပေါင်းပါဝင်သော ဆွေးနွေးပွဲဖြစ်ပါသည်။

      အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်သဖြင့် ရောဂါဖြစ်ပွားမှုဆိုင်ရာ အခြေခံအကြောင်းအရာများ သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရေးဆိုင်ရာ လုပ်ဆောင်ထားရှိရန်လိုအပ်ကြောင်းနှင့် ဝက်မွေးမြူထုတ် လုပ်ရေးဆက်လက်ဖွံ့ဖြိုးလာစေရေးအတွက် အစိုးရ၊ ပြည်သူ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့ အစည်းများပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍  တာဝန်ရှိသူများမှ အာရှနိုင်ငံများ၏ အတွေ့အကြုံနှင့် မြန်မာနိုင်ငံအပေါ်  အကျိုးသက်ရောက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စီမံချက်များဆောင်ရွက်မှုအခြေအနေများနှင့် ခေတ်မီဇီဝလုံခြုံမှုစနစ်နှင့်ပတ်သက်၍ ရှင်းလင်း ခြင်း၊ ကဏ္ဍအသီးသီးမှတာဝန်ရှိသူများမှ အနာဂတ်ပူးပေါင်းဆောင်ရွက် မှု ခေါင်းစဉ်ဖြင့် စကား ဝိုင်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံဝက်သားထုတ်လုပ်မှုစီမံချက်များပြန်လည်တည်ဆောက်နိုင်ရေး အတွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးအခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။