Image: 

ဒုတိယအကြိမ်မြောက် ကျွဲနွားကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်

ဇူလိုင်လ 15, 2019

        မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ်မြောက် ကျွဲ၊ နွား ကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက် (၈)နာရီခွဲအချိန် တွင် နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းနှင့် မွေးအဖွဲ့ချုပ် ဉက္ကဌ ဒေါက်တာမြဟန်တို့က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

        အစည်းအဝေးကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် ကျွဲ/နွားမွေးမြူထုတ်လုပ်ရောင်းချမှုများပါဝင်သော ခိုင်မာသည့်အဖွဲ့ဖွဲ့စည်းရန်၊ ကျွဲ/နွားမွေးမြူထုတ်လုပ်ရောင်းချမှုဆိုင်ရာကြီးကြပ်မှုကော်မတီဖွဲ့စည်းအတည်ပြုရန်၊ လုပ်ငန်းရပ်များအား စနစ်တကျဆက်စပ်နိုင်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းရပ်များအား ဆွေးနွေးနိုင်ရန် ဒုတိယအကြိမ်မြောက် ကျင်းပရခြင်းဖြစ်ပါသည်။

        ဆက်လက်၍ မွေးမြူခြင်းနှင့်ကုန်သွယ်ခြင်းလုပ်ငန်းများ စနစ်တကျဆက်စပ်နိုင်ရန်အတွက် တာဝန်ရှိသူများမှ ဆွေးနွေးမှုများအား ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။